ရွှေ့ပြောင်းသွားလာသူ ၆၅ ဦး ကို မော်လ်တာသို့လွှဲပြောင်းပေးအပ်

၈ ဇူလိုင်

ဂျာမနီ NGO အဖွဲ့က Alan Kurdi သင်္ဘောပေါ်တွင် ပါရှိသည့် ရွှေ့ပြောင်း သွားလာသူ ၆၅ ဦးကို ယမန်နေ့ ညနေနှောင်းပိုင်းက  မော်လ်တာ တပ်မတော်ပိုင် ကင်းလှည့် သင်္ဘောတစ်စင်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အီတလီ ရေပိုင်နက်သို့ သင်္ဘောဝင်ရောက်မှုကို ငြင်းဆန်ခဲ့သော အီတလီအစိုးရနှင့် မကြေမလည်ဖြစ်ပြီးနောက် ထိုဂျာမန်အလံလွှင့်ထူထားသော သင်္ဘောသည် မော်လ်တာ နိုင်ငံသို့ လမ်းကြောင်းပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ဂျာမနီနှင့် ဥရောပကော်မရှင်တို့နှင့်အတူ ဆွေးနွေးပွဲပြုလုပ်ပြီး သဘောတူညီမှုတစ်ခု ရရှိခဲ့ကာ Alan Kurdi သင်္ဘောပေါ်ပါ ရွှေ့ပြောင်းသွားလာသူများကို မော်လတာ ကင်းလှည့်သင်္ဘောတစ်စင်း ပေါ်ပြောင်းရွှေ့ကာ မော်လတာနိုင်ငံသို့ ခေါ်ဆောင်သွားမည်ဟု မောလ်အစိုးရက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောပေါ်ပါရှိသူ ရွှေ့ပြောင်းသွားလာသူအားလုံးကို အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ချက်ချင်းပြောင်းရွှေ့ပေးမည် ဖြစ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

အစောပိုင်းရက်ကလည်း ရွှေ့ပြောင်းသွားလာသူ ၅၈ ဦးကို မော်လ်တာတပ်မတော်က  ကယ်ဆယ်ခဲ့ပြီး မော်လတာနိုင်ငံသို့ ခေါ်ဆောင်လာခဲ့သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို