မလှိုင် ဇူလှိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေချိုဘူတာအုပ်စု၊ ဆည်ကြီးကျေးရွာတွင် စက်ရေတွင်းတူးဖော်နေမှု အခြေအနေများကို မလှိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစု၊ ဒေါ်ခင်မာလွင် (ဦးစီးအရာရှိ-နည်းပညာ)နှင့် ဝန်ထမ်းများက ဇူလိုင် ၂၈ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆည်ကြီးကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၄၂.၁၈)သန်းဖြင့် စက်ရေတွင်းတူးဖော်ခြင်း၊ ရေကန်၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း စသည့်လုပ်ငန်းများကို မလှိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စုစုထံမှ သိရသည်။
ဟိန်းထက်ကျော်(မလှိုင်)


