ရေဖြူ၊ ကလိန်အောင်၊ မြောက်ဥက္ကလာပနှင့်တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၁

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၀ ရက်   နံနက် ၁၀ နာရီခွဲတွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မလွှဲတောင်ပူးပေါင်း စစ်ဆေးရေးစခန်း၊ မိုင်တိုင်အမှတ်(၈၁/၆)အနီးတွင် SCANIA အမျိုးအစား ခရီးသည်တင်မော်တော် ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် သိန်းမောင်စိုး၏ ခရီးဆောင်အိတ်အတွင်းမှ အိုက်စ် ၅ ကီလို စုစုပေါင်း ငွေကျပ်သိန်း ၁,၃၅၀ တန်ဖိုးကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီတွင် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ ဝေဘာဂီလမ်းတွင် စက်ဘီးစီးနင်းလာသည့် အောင်သီဟ နှင့် ရဲလင်းထွန်း(ခ)ကိုရဲ တို့ကို စစ်ဆေးရှာဖွေရာ ရဲလင်းထွန်း (ခ)ကိုရဲထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀  ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၉ ရက်ညနေ ၄ နာရီတွင် တာချီလိတ်မြို့နယ်၊ တာချီလိတ်-မိုင်းဆတ်သွားကားလမ်း၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအနီးတွင် ကျဖေ့ မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေး ၁,၇၈၂ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆နာရီတွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ နာတာလိကျေးရွာနေ မနာန၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၃၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)