ရေဖြူ၊ ကွန်ဟိန်းနှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၅

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီတွင် ရေဖြူမြို့နယ်၊ ရေး-ထားဝယ်သွား ကားလမ်း၊ မိုင်တိုင်အမှတ် ၈၁/၆ အနီးတွင် ရေးမြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်မော်တော်ယာဉ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် ဌေးဌေးမြင့်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၆၀၀ ကိုလည်းကောင်း။

အလားတူ ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ ကျိုင်းတုံ -တောင်ကြီးသွား ကားလမ်း၊ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဝေလွင်မိုး မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ဇူလိုင် ၁၃ ရက် မွန်းလွဲ ၂ နာရီတွင်  အေးသာယာနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁) ရပ်ကွက်နေ ဖိုးလမင်း (ခ) ကျော်ထက်နိုင်၏ နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြားကိုလည်းကောင်း၊ ဆက်လက်၍ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁) ရပ်ကွက်နေ စိုးဆွေ၏နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာ ဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား