ရေဖြူ ၁၃ သြဂုတ် 


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သြဂုတ် ၉ ရက်က သည်းထန်စွာ ရွာသွန်းသောမိုးကြောင့် ကံပေါက်ကျေးရွာနှင့် ပယ-ဇာဒီ ကျေးရွာချင်းဆက် လမ်းပေါ်ရှိ အောက်ခံအုတ်မြစ်ရေ တိုက်စားမှုကြောင့် အရှည်ပေ ၂၀  RC တံတားမှာ သံကူကွန်ကရစ်ကြမ်းခင်း ကျိုးသွားခဲ့သည်။


အဆိုပါတံတား ကျိုးမှုကြောင့် ဆက်သွယ်ရေး သွားလာမှု မပြတ်တောက်စေရန်နှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ရေဖြူမြို့နယ် ကျေးလက်လမ်းဦးစီးဌာနက သြဂုတ် ၁၂ ရက်တွင် ၃၀ ပေအရှည် ယာယီဘေလီတံတား တည်ဆောက်ခဲ့ကြောင်း သိရသည်။


(မြို့နယ်ပြန်/ဆက်)