နေပြည်တော် ဧပြီ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၄၄ ဒဿမ ၆၁၅ သန်း အကုန်ကျခံကာ Apex Queen ကုမ္ပဏီမှ တင်ဒါအောင်မြင်ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ ရေဖြူမြို့နယ်၊ ရာဖူး-သဲချောင်း ကျေးရွာချင်းဆက် မြေသားလမ်း ၅/၀ မိုင်နှင့် ၎င်းလမ်းပေါ်ရှိ ၅ ပေ Box Culvert ၅ စင်းတည်ဆောက်ခြင်း လုပ်ငန်းတို့သည် မြေပြင်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ကျေးရွာ ၈ ရွာ၊ အိမ်ခြေ ၆၇၁ အိမ်၊ လူဦးရေ ၃၁၃၀ တို့အတွက် များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်