ရေဖြူ   ဒီဇင်ဘာ   ၂၉

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်၌ ကျရောက် သော (၇၄)နှစ်မြောက် လွတ်လပ်​ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက အထကရေဖြူ ကျောင်းဝင်းအတွင်း ပြုလုပ်သည်။

 

အဆိုပါ အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ဖြူသီထွဏ်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွယ်တို့က ကြီးကြပ်လျက် မူလတန်းအဆင့် မီတာ ၅၀ ကျား/မအပြေးပြိုင်ပွဲ၊ မီတာ ၅၀ ကျား/မ ကွမ်းသီးကောက်ပြိုင်ပွဲတို့ ပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့ ပြေးခုန်ပစ်ပြိုင်ပွဲများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲများ၌ ဆုရရှိသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခတ်တာ