ထားဝယ် ၃၀ မေ
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ပြုပြင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ အိန္ဒရာဇာ-ဆင်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မင်းသား ချောင်းကူးနှင့် လယ်ကြီးကျေးရွာအဝင် R.C.C ကွန်ကရစ်တံတား (၆၀)ပေ(၂)စင်းနှင့် (၅×၅×၂၆)ပေ Box Culvert (၁)စင်းတည်ဆောက်ခြင်း၊ ယင်းလမ်းပေါ်ရှိ ရေကျော်၍ ပျက်စီးနေသည့် လမ်းပိုင်း(၀/၄)မိုင်အား ပြင်ဆင်ခြင်းလုပ်ငန်းကို Myanmar Amazing Power ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးအတွက် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်)၊ ဒေသကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး၊ ဦးရန်လင်းအောင်နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းလမ်းညွှန်ချက်များ အသေးစိတ် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)


