ရေဖြူ ၁၁ ဧပြီ

 

မဟာသင်္ကြန်ကာလတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် စားသောက်ကုန်(၅)မျိုးကို ယနေ့ညနေ ၄ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ‌ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် (က)ရပ်ကွက်အတွင်းရှိ ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် ရေဖြူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု(၄၃)စုတို့အတွက် အိမ်ထောင်တစ်စုလျှင် ဆန်(၈)ပြည်၊ ကုလားပဲ(၁)ပိဿာ၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်(၁)ပိဿာတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ရေဖြူမြို့နယ် (က)ရပ်ကွက်တွင် (၁၄၂)အိမ်ထောင်စုရှိပြီး ပုံမှန်ဝင်‌ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၃)အိမ်ထောင်စုအား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ပုံမှန်ဝင်မရှိ‌သော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကောက်ယူထားသည့် စာရင်းအလိုက် စားသောက်ကုန်များကို ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရေဖြူ (ပြန်/ဆက်)