ရေဖြူ ၁၃ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(community centre) တွင် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် ညနေ (၃) နာရီက (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် အထကရေဖြူမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၀) ဦးတို့က ပန်းချီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် (၂၂) ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား/သူများအား (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တွင် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူဖြူရှိန်(ပြန်/ဆက်)