နေပြည်တော် ၃၀ ဇူလိုင်
ရေပြင်အသက်ကယ် လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော် ဥတ္တရသီရိမြို့နယ် ငလိုက်ရေလှောင်တမံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်အတွင်း မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားပါက ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း နေပြည်တော် မီးသတ်ဦးစီးဌာနမှူးရုံးမှ တိုင်းဦးစီးမှူး ဦးဇော်လင်းထွန်းက ပြောသည်။
အဆိုပါ ရေပြင်အသက်ကယ် လေ့ကျင်းရေးသင်တန်းကို သင်တန်းဆရာ ဥတ္တရခရိုင် မီးသတ်တပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး ဦးစောလွင်အေးနှင့် သင်တန်းဆရာများမှ ရေးကူးနည်း၊ ရေနစ်သူကယ်ဆယ်ခြင်း၊ Speed Boat မောင်း သင်ပေးခြင်းနှင့် ရှေးဦးသူနာပြုစုခြင်း စသည်တို့ကို နေပြည်တော်အတွင်းရှိ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးအား (၃)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


