ရန်ကုန်  ၁၃  မတ်

 

ဆရာမကြီး ကြူကြူသင်း၏ “ရွှေပင်လယ်ဆီးသော်လည်း” မဂ္ဂဇင်း ဝတ္ထုရှည်များ စာအုပ်နှင့် ဆရာ နန်းရွှေလီကြိုင်(မိုင်းပန်)၏ “စစ်တပ်မရှိတဲ့ဘုရင်နှင့် ရသစာစုများ” စာအုပ်မိတ်ဆက်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

 

မိတ်ဆက်ပွဲတွင် ဆရာမှော်ဝန်းကြည်မြတ်၊ ဆရာမခင်လှိုင်ကြူနှင့် ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)တို့က မုဒိတာစကားများ ပြောကြားကြပြီး ဆရာ နန်းရွှေလီကြိုင် (မိုင်းပန်)နှင့် ဆရာမကြီး ကြူကြူသင်းတို့က စာအုပ်များအကြောင်းကို မိတ်ဆက်ပြောကြားကြသည်။

 

“ရွှေပင်လယ်ဆီးသော်လည်း” မဂ္ဂဇင်းဝတ္ထုရှည်များ စာအုပ်ကို ငွေကျပ် ၃၀ဝ၀ နှင့် “စစ်တပ်မရှိတဲ့ ဘုရင်နှင့် ရသစာစုများ” စာအုပ်ကို ငွေကျပ် ၃၅၀ဝ နှုန်းဖြင့် ကောင်းကင်မေ စာပေတိုက်မှ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုကိုအေး