(ရွှေပြည့်စုံ)လိုင်း ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိုးဂိတ်အုတ်ခုံနှင့် တိုးဂိတ်၌ စောင့်ဆိုင်းနေသော ယာဉ်အားဝင်တိုက်ရာ ထိခိုက်ဒဏ်ရာများရရှိ

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကျွန်းကလေးတိုးဂိတ်အရောက်တွင် ဒီဇင်ဘာ ၉ ရက် နေ့လယ် ၂ နာရီက (ရွှေပြည့်စုံ)လိုင်း နစ်ဆန်းစီဘီလီယမ်ဘတ်စ်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိုးဂိတ်အုတ်ခုံနှင့် တိုးဂိတ်၌ စောင့်နေသော မစ်ဆူဘီရှီရိုဆာဘတ်စ် ယာဉ်တို့အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။   

 

ဖြစ်စဉ်မှာ ရန်ကုန်-ပဲခူးလမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း ကျော်စွာစိုး မောင်းနှင်လာသော 7D/-----(ရွှေပြည့်စုံ)လိုင်း နစ်ဆန်းစီဘီလီယမ်ဘတ်စ် ဖြူ /စိမ်းရောင် ခရီး သည်တင်အငှားယာဉ်သည် ကျွန်းကလေးတိုးဂိတ်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ငွေကောက်ကောင်တာ  -၂ ၊ တိုးဂိတ်အုတ်ခုံနှင့် တိုးဂိတ်၌ရပ်စောင့်နေသော ယာဉ်မောင်း ဦးဌေးကြိုင်(၅၃)နှစ် မောင်းနှင်သော 4J/-------(အမှတ်-၅)လိုင်း မစ်ဆူဘီရှီရိုဆာဘတ်စ် အဖြူရောင်အငှားယာဉ်တို့အား တိုက်မိခဲ့သည်။ ယာဉ်မောင်းသူမှာအခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်ရှောင်သွားသဖြင့် ယာဉ်(၂)စီးနှင့်အုတ်ခုံပျက်စီးပြီး 7D/----- ယာဉ်ပေါ်ပါ သူများတွင် ဒဏ်ရာများအသီးသီးရရှိကာ လှည်းကူးဆေးရုံတွင် အတွင်း/အပြင်လူနာများ(မစိုးရိမ်ရ)အဖြစ်  တင်ပို့ကုသခဲ့ရကြောင်း သိရသည်။ 

 

ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်နှင်မှုကြောင့် ဒဏ်ရာရရှိသူ(၉)ဦးရှိပြီး 7D/----- ယာဉ်အား မဆင်မခြင်မောင်းနှင်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်သူ ယာဉ်မောင်း ကျော်စွာစိုး (စုံစမ်းဆဲ)အား လှည်းကူးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။

 

နိုင်လင်း(ပြန်/ဆက်)