ရန်ကုန် ၂၆ ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ မြရွှေပင်ကျောင်းတိုက်သို့ ရွှေပြည်သာ စုအသက် မွေးဝမ်းကျောင်းသိပ္ပံမှ ချည်သားဖြင့် ချုပ်လုပ်ထားသည့် နှာခေါင်းစည်း(၂၀ဝ)ခုကို ယနေ့ နံနက်ပိုင်းက ဆပ်ကပ်လှူဒါန်းခဲ့သည်။

 

စင်ကာပူနိုင်ငံမှ ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြပြီး Quarantine ဝင်ကြမည့် မြန်မာနိုင်ငံသား(၂၀ဝ)ဦးအား စောင့်ရှောက်ကျွေးမွေးကူညီမည့် Facility Quarantine Centre မင်္ဂလာဒုံမြို့နယ်၊ မြရွှေပင်ကျောင်းတိုက် လှတောဆရာတော်ဘုရားကြီးထံသို့ ရွှေပြည်သာ စုအသက်မွေးဝမ်းကျောင်းသိပ္ပံမှ တာဝန်ခံ ဦးဇော်မြတ်လင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန်အတွက် ချည်သားဖြင့် ချုပ်လုပ်ထားသည့် နှာခေါင်းစည်(၂၀ဝ)ခုကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ လှတော ဆရာတော် ဘုရားကြီးထံသို့ ချည်သားနဲ့ ချုပ်လုပ်ထားတဲ့ နှာခေါင်းစည်(၂၀ဝ)ကို သွားရောက်လှူဒါန်းခဲ့တာပါ၊ ထပ်မံပြီး နှာခေါင်းစည်း(၂၀ဝ)ကို လာရောက်လှူ ဒါန်းအုန်းမှာပါ၊ ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ထပ်မံလှူဒါန်းမည့် အစီအစဉ်တွေလည်း ရှိပါသေးတယ်”ဟု ရွှေပြည်သာ စုအသက်မွေးဝမ်းကျောင်းသိပ္ပံမှ တာဝန်ခံ ဦးဇော်မြတ်လင်းက ပြောသည်။

 

ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင်၊ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီများမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)