နေပြည်တော် ၂၂ ဇူလိုင်
မူးယစ်တပ်ဖွဲ့စု(၄၁) ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၁ မွန်းလွဲ ၂ နာရီက ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဇော်မင်းထိုက်၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၉,၂၉၈ ပြား၊ ငွေကျပ် ၂,ဝ၀ဝ,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိသည်။
အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီခန့်က လားရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ ကောင်းကြဲကျေးရွာအုပ်စု၊ ခိုက်ချန်ကျေးရွာနေ လနန်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူဇနီးဖြစ်သူ မအေးပီးအားတွေ့ရှိရပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေး ၄,၁၈၁ ပြားနှင့် ငွေကျပ် ၁,ဝ၀ဝ,ဝ၀ဝ တို့ကိုလည်းကောင်း၊
ထို့အတူ ဇူလိုင် ၂၀ ရက် ည ၉နာရီခွဲက မုံးစီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စု၊ တရုတ်မန်ပုံ ကျေးရွာနေ မအားမတ်၏ နေအိမ်ကိုဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ အောင်ထွန်းကျော်အားတွေ့ရှိရပြီး နေအိမ်မှ ဘိန်းဖြူ ၄၃၀ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆,ဝ၀ဝ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN