ရန်ကုန် ၂၄ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်( ၁)ရပ်ကွက် ကျောက်ခွဲစက်အနီး "ပြည်နဝဒေးလမ်း" အမှတ် ၃၄/၃၅ ၌ မြို့ပြအင်္ဂါရပ်နှင့် ညီညွှတ်စွာ မြို့ရွာဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်၍ နိုင်ငံတကာအဆင့်မီ ဟိုတယ်တစ်ခုကို ဇန်နဝါရီ ၂၄ ရက် ယနေ့နံနက်ပိုင်းက SMART PALACE HOTEL အမည်ဖြင့် ပထမအကြိမ် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
“ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ ဒါဟာပထမဦးဆုံးဖွင်တဲ့ဟိုတယ်ပါ ဒီမြို့နယ်က စက်မှုဇုန်တည်ထောင်ထားတဲ့ မြို့နယ်ဆိုတော့ ပြည်ပနိုင်တကာက ဧည့်သည် အများအပြားလည်း အဝင်အထွက်များပါတယ် တည်းခိုခန်း နဲ့ မိုတယ် ဧည့်ရိပ်သာ အနည်းငယ်သာရှိတယ် ဒါကြောင့်အဆင့်မြင့် ဟိုတယ် တစ်ခုရည်ရွယ်ဖွင့်လှစ်လိုက်တာပါ" ဟု ဟိုတယ်ပိုင်ရှင်ဖြစ်သူ ဦးဇော်လင်းနိုင်က ပြောသည်။
ယနေ့ဖွင့်လှစ်ခဲ့သော အဆိုပါဟိုတယ်သည် ပေ (၈၀´× ၆၀´)ဂရမ်မြေကွက်ပေါ်တွင် တရားဝင် ငါးလွှာတည်ဆောက်ထားရှိပြီး ဘေးကပ်လျက် မြေကွက်ပေါ်တွင် ယာဉ်စီးရေ ၂၀ ခန့်ရပ်နားနိုင်သည့် ကားပါကင်ပါရှိကြောင်း၊ မြေညီထပ်တွင် အိပ်ခန်း ၅ ခန်း၊ ဘုရားခန်းတစ်ခန်း၊ ပထမထပ် ၆ ခန်း၊ ဒုတိယထပ် ၆ ခန်း၊ တတိယထပ် ၆ ခန်း၊ စတုတ္ထထပ် ၄ ခန်း၊ စုစုပေါင်းအိပ်ခန်း ၂၈ ခန်း ရှိရာအိပ်ခန်းများတွင် အဲယားကွန်း၊ TV ၊ တယ်လီဖုန်း၊ ကျွန်းစားပွဲ၊ အိပ်ရာ ၊ ဘီရို၊ ရေနွေးအိုးနှင့် ကော်ဖီမစ်၊ မှန်တင်ခုံ စာရေးစားပွဲများ ပါရှိကြောင်း၊ ရေချိုးခန်းနှင့်အိမ်သာခန်းများတွင် မိသားစုအလိုက် ရေချိုးရန် ရေပူရေအေးစက်၊ ဘိုထိုင်အိမ်သာများ ပါဝင်ကြောင်းတာဝန်ခံ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းဇော်ဦး၏ ရှင်လင်းပြောကြားချက်အရ သိရသည်။
လာရောက်တည်းခိုနေထိုင်သူ ပြည်တွင်းပြည်ပ ဧည့်သည်တော်များ စိတ်ချလက်ချ အေးချမ်းလုံခြုံရေးအတွက် ဟိုတယ်အဝင်ဝနှင့် အလွှာစင်္ကြံတစ်လျှောက် လုံခြုံရေး CCTV ကင်မရာများ တပ်ဆင်ထားကြောင်း အခန်းခများအနေဖြင့် ၃ ယောက်ခန်းအတွက် တစ်ရက်လျှင်၃ သောင်းကျပ်၊ ၂ ယောက်ခန်းအတွက်၂ သောင်းခွဲကျပ်ဖြစ်ကြောင်း သိရသည်။
သတင်-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး