mdn

ရွှေပြည်သာ   အောက်တိုဘာ   ၁၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာ ဆေးထိုးစုရပ် ခြောက်ခုဖြစ်သော   အထက(၆)၊ အထက(၇)၊ အလက(၁)၊ အလက(၁၀)၊ အလက(၁၂)နှင့် အလက(၁၄)တို့တွင် ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံမည့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အတွင်း ကျောင်းသား ကျောင်းသူ ၃၈၅၈ ဦးခန့်ရှိရာ အောက်တိုဘာ ၁၇ ရက်နေ့မှ ၂၃ရက်အထိ  သက်ဆိုင်ရာစုရပ် ကျောင်းများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)