ရွှေပြည်သာ မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၂၁)ရပ်ကွက် လိန်ကုန်းကျေးရွာရှိ တောင်သူ ဦးအောင်နိုင်၏ အစေ့ချကရိယာဖြင့် စိုက်ကွက် ကိုးဧကတွင် ရက်(၉၀)စပါးအမျိုးအစားအား ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲတွင် တစ်ဧကလျှင် အစိုထွက်နှုန်း(၁၃၀) တင်း၊ အခြောက်ထွက်နှုန်း တစ်ဧကလျှင် (၁၂၄)တင်းထွက်ရှိကြောင်း သိရသည်။
နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာများ၊ အမှတ်(၂၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)