ရန်ကုန် ၁၈ မေ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လမ်းဖြတ်ကူးသူအား တိုက်မိ၍ သေဆုံးမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းအတိုင်း တောင်မှမြောက် (အင်းစိန်ဘက်မှ ရွှေပြည်သာမြို့နယ်ဘက်)သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်သည် မြင်းလှည်းဂိတ်မှတ်တိုင် အနီးအရောက် အနောက်မှအရှေ့ (အ.မ.က-၄၊ ရွှေပြည်သာဘက်မှ ဇီးကုန်းအုပ်ချုပ်ရေးမှူးရုံးဘက်)သို့ လမ်းဖြတ်ကူးသူ ဦးဝင်းမြင့်၊ (၅၁)နှစ်အား တိုက်မိပြီး အခင်းဖြစ်နေရာမှ ယာဉ်အားမောင်းနှင် ထွက်ပြေးသွားခဲ့သည်။
ယာဉ်တိုက်ခံရမှုကြောင့် ဦးဝင်းမြင့်တွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင် ထွက်ပြေးသူ ယာဉ်မောင်း(စုံစမ်း ဆဲ)အပေါ် ရွှေပြည်သာမြို့မရဲစခန်းမှ အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)