နေပြည်တော် ၈ အောက်တိုဘာ
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၇ ရက်နေ့တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမ ကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၃၁၅ စီး၊ သွင်းကုန် ၁၇ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ် လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၁၀၆ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှု ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှု တစ်မှု ခန့်မှန်းတန်ဖိုး ကျပ် ၀ ဒသမ ၁၉၅ သန်း တန်ဖိုးရှိ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသော အကောက်ခွန်မဲ့ကုန်ပစ္စည်းဖြစ်သည့် Lipo (100 ml x 50 bottles) (15 pkgs) ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
MDN