ကျိုက်မရော ၁၅ မတ်

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသည်ယာဥ် ၂ စီးနှင့် ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းထားသော မီးသတ်ယာဥ် ၁ စီးတို့ဖြင့် ယနေ့ နံနက် ၁၀ နာရီက သောက်သုံးရေပြတ်လပ်နေသော အတ္တရံရပ်ကွက်၊ ရှင်စောပုရပ်ကွက်များရှိ ပြည်သူများထံ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

238

 

ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီ သို့ရောက်တိုင်း သောက်ရေကန်များ၊ ရေတွင်းများတွင် ရေများခန်းခြောက်စပြုနေပြီး ဒေသခံပြည်သူများ၏ သောက်သုံးရေအခက်အခဲများကို ကျိုက်မရော စည်ပင်သာယာရေးအဖွဲ့များနှင့် လူငယ်ပရဟိတအဖွဲများ ပူးပေါင်းကာ နေ့စဥ် ရေသည်ယာဥ်ကြီးများဖြင့် လှည့်လည်၍ အခမဲ့ဖြန့်ဝေပေးနေကြောင်း၊ ရေအခက်အခဲရှိပါက မြို့နယ်စည်ပင်သာယာရေးအဖွဲသို့ အကူအညီတောင်းနိုင်ကြောင်း ရေပေးဝေရေးတာဝန်ခံ အင်ဂျင်နီယာ ဦးနေစိုးကျော်ထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)