ကံမ   ၁၅   ဧပြီ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ရေရှားပါးသည့် လဲလူကုန်းကျေးရွာမှ ပြည်သူများနှင့် ကျွဲ၊နွား တိရစ္ဆာန်များ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဟန်၏လှူဒါန်းမှုအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ သောက်သုံးရေဂါလန် ၁၈၀ဝ အား ယနေ့ နံနက်က ကျေးရွာအရောက် သွားရောက်လှူဒါန်းခဲ့ကြသည်။

 

0025

 

အဆိုပါ ကျေးရွာတွင် အိမ်ခြေပေါင်း ၈၃ အိမ်ရှိပြီး လူဦးရေ ၃၈၀  နေထိုင်လျက်ရှိကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)

 

003