၂၂ ဇူလိုင်
စိုက်ပျိုးရေးဂေဟဗေဒတွင် ဇီဝမျိုးစုံမျိုးကွဲများသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်ရှိ အသက်ရှင်နေနိုင်သော သက်ရှိအမျိုးမျိုးကို ရည်ညွှန်းသည်။ ယင်းတို့မှာ အပင်များ၊ တိရ္ဆာန် များ၊ မိုက်ခရုပ်များ၊ ယင်းတို့တွင် ပါဝင်သော ဗီဇများ၊ ယင်းတို့တည်ရှိသော ဂေဟစနစ်များ၊ အသက်ရှင်ရပ်တည်သော ပုံစံများနှင့် ပတ်ဝန်းကျင်အကြား အပြန်အလှန်တုံ့ပြန်မှုများ ပါဝင်သည်။ ကွဲပြားခြားနားသော ecosystem များတွင် ဂေဟဗေဒဆိုင်ရာ လုပ်ငန်းစဉ်များအတွက် လမ်းကြောင်းများစွာတည်ရှိနေပြီး တစ်ခုခုပျက်စီးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းခံရပါက အခြားအလှည့်အပြောင်းလမ်းကြောင်းတစ်ခုကို အသုံးပြုနိုင်သည်။
ဇီဝမျိုးစုံမျိုးကွဲခြင်း၏ အခန်းကဏ္ဍ
စိုက်ပျိုးရေးနှင့် နှီးနွှယ်သော ဇီဝဗေဒဆိုင်ရာ အရင်းအမြစ်များ ပုံစံမျိုးစုံတည်ရှိသည်။ ယင်းတို့မှာ ဗီဇအရင်း အမြစ်များ၊ စားသုံးနိုင်သော သစ်ပင်နှင့် သီးနှံပင်များ၊ မွေးမြူရေး၊ မြေတွင်းသက်ရှိများ၊ အသုံးမပြုနိုင်သော အရိုင်းအရင်းအမြစ်များ၊ သဘာဝတွင် တွေ့ရသည့် အင်းဆက်များ၊ ဗက်တီး ရီးယားနှင့် မှိုတို့ ပါဝင်ကြသည်။ ယင်းသက်ရှိများ သည် အရေးကြီးသော လုပ်ငန်းစဉ်များကို ပြဋ္ဌာန်း ဆောင်ရွက်ပေးသည်။ ဥပမာ- ယင်းတို့၏ အပြန် အလှန်တုံ့ပြန်မှုများကြောင့် မြေဆီအာဟာရဓာတ် လှည့်ပတ်ခြင်း၊ ဇီဝဆိုင်ရာ ထိန်းချုပ်ခြင်းနှင့် ထုတ်လုပ်မှု တိုးတက်စေခြင်းတို့ကို အထောက်အပံ့ပြုသည်။
မည်သည့် စိုက်ပျိုးမွေးမြူရေးခြံမဆို တည်ရှိသော ဇီဝမျိုးစုံမျိုးကွဲပြားမှု အနေအထားသည် သက်ရှိ (သို့မဟုတ်) သက်မဲ့နှင့်ဆိုင်သော အနှောင့်အယှက်များနှင့် ကြုံတွေ့ရသည့်အခါ ဒဏ်ကိုခံရခြင်း (သို့မဟုတ်) ခံနိုင်ရည်ရှိခြင်းတို့အကြား ကွဲပြားခြားနားမှုကို ဖြစ်ပေါ်စေနိုင်သည်။ အားလုံးသော agroecosystem များတွင် သက်ရှိများ၏ ကွဲပြားခြားနားမှုသည် ecosystem ၏ လုပ်ငန်း စဉ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သည်။ ယင်း လုပ်ငန်းစဉ်များစွာကို လုပ်ဆောင်နိုင်သော မျိုးစိတ်အုပ်စုများကို ဖယ်ရှားလိုက်ပါက ဂေဟစနစ်ကို ထိန်းညှိပေးမှု၌ လိုလားအပ်သောအနေအထားမှ မလိုလားသောအနေအထားသို့ ပြောင်းရွှေ့သွားနိုင်ခြင်း၊ ပြောင်းလဲနိုင်မှုများကို တုံ့ပြန်နိုင်သည့် စွမ်းရည်နှင့် နခသျပျအနာ ဝန်ဆောင်မှုများကို ပြုလုပ်နိုင်စွမ်းတို့ကို ထိခိုက်ခြင်းများ ဖြစ်ပေါ်လာ မည်ဖြစ်သည်။ ecosystem များတွင် ကွဲပြားခြားနားခြင်း အတန်းအစား (၂) မျိုးကို ခွဲခြားနိုင်သည်။ ယင်းတို့မှာ လုပ်ငန်းသဘောအရ ဖြစ်သော ကွဲပြားခြားနားခြင်း (functional diversity) နှင့် တုံ့ပြန်မှုဆိုင်ရာ ကွဲပြားခြားနားခြင်း (response diversity) တို့ဖြစ်သည်။ Functional diversity သည် စနစ်တစ်ခုလုံး၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည့် သက်ရှိအုပ်စုများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို ညွှန်းဆိုသည်။ Response diversity သည် ဂေဟစနစ်၏ လုပ်ငန်းများကို ထောက်ပံ့အကူအညီ ပေးလျက်ရှိသော မျိုးစိတ်များအကြား ပတ်ဝန်းကျင်ပြောင်းလဲမှုအလိုက် ကွဲပြားခြားနား သော တုံ့ပြန်မှုကို ဆိုလိုသည်။
Agroecosystem တစ်ခုတွင် Response diversity သည် မြင့်မားစွာတည်ရှိပါက ပြင်းထန်သော သက်ရောက်မှုများကို ပိုမိုခံနိုင်ရည်ရှိလာလိမ့်မည်။ သုတေသီများစွာ တွေ့ရှိထားသည်မှာ မိရိုးဖလာ သီးနှံမျိုးများ၏ မျိုးကွဲများကို ထိန်းသိမ်းထားခြင်းသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေနိုင်ခြင်းနှင့် အသက်ရှင်ရပ်တည်နိုင်ခြင်းတို့အတွက် မရှိမဖြစ် အရေးကြီးသည်။ ခေတ်မီသီးနှံမျိုးများကို စိုက်ပျိုးနေသော်လည်း မသင့်လျော်သောအခြေအနေများ ဖြစ်ပေါ်က မသေချာသောဖြစ်ရပ်များ ပေါ်ပေါက်နိုင်သဖြင့် သမားရိုးကျသီးနှံမျိုးပြားများကို ထိန်းသိမ်းထားရမည်။
ဇီဝမျိုးစုံမျိုးကွဲခြင်း၏ အကျိုးကျေးဇူး
ဇီဝမျိုးစုံမျိုးကွဲခြင်းသည် စိုက်ပျိုးမွေးမြူရေးခြံများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် တန်ဖိုးများကို မြင့်တက်စေသည်။ အကြောင်းမှာ ကွဲပြားခြားနားသော မျိုးစိတ်များ သို့မဟုတ် ဗီဇများသည် အနည်းငယ်ကွဲပြားခြားနားသော တန်ဖိုးကိုယ်စီ ရှိကြသဖြင့် ကွဲပြားခြားနားသော အကျိုးအမြတ် ရရှိနိုင်မည့် အနေအထားမျိုးဖြစ်ခြင်းကြောင့် ဖြစ်သည်။ ကွဲပြားခြားနားခြင်း၏ အကျိုးကျေးဇူးများစွာတွင် ဖျက်ပိုးကျရောက်မှု နည်းပါးခြင်း၊ ထုတ်လုပ်မှု အမယ်စုံခြင်းနှင့် အဓိကမျိုးစိတ်များ ထိန်းသိမ်းထားနိုင်ခြင်းတို့ ပါဝင်သည်။ ထို့ပြင် ထုတ်လုပ်နိုင်မှု စွမ်းအားကို မြေယာအသုံးပြုနိုင်မှုအချိုးဖြင့် တွက်ချက်ရာတွင် သီးနှံစုံစိုက်ပျိုးထုတ်လုပ်ခြင်းက သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းထက် ပိုမိုမြင့်မားကြောင်း တွေ့ရှိပြီး ဖြစ်သည်။
သီးနှံများ၏ ဗီဇဆိုင်ရာကွဲပြားခြားနားခြင်း
သီးနှံများ၏ ဗီဇဆိုင်ရာကွဲပြားခြားနားခြင်းတွင် မိရိုးဖလာမျိုးများ၊ ခေတ်မီမျိုးများ၊ ယင်း၏ မျိုးရိုင်းသားဆက်များနှင့် အခြားအရိုင်းမျိုးစိတ်များ ပါဝင်သည်။ လက်တင်အမေရိကတွင် ပြောင်းသီးနှံ၏ မိရိုးဖလာမျိုးပြားများ ကျယ်ပြန့်စွာရှိသလို အာရှတွင် စပါးသီးနှံကို တွေ့ရသည်။ ခေတ်မီ မျိုးပြားများသည် အထွက်ပိုမိုနိုင်သော်လည်း ရေနှင့် မြေဩဇာကို ပိုမိုလိုအပ်သည်။ ထုတ်လုပ်မှု စွမ်းအားကို တွက်ချက်ရာတွင် ရေနှင့် မြေဩဇာကိုပါ ထည့်သွင်းအသုံးပြုပါက သမားရိုးကျမျိုးပြားများသည် ရေနှင့် မြေဩဇာအသုံးမပြုသည့် အခြေအနေတွင် ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိရသည်။ မျိုးစိတ်များ၏ ကွဲပြားခြားနားမှု နည်းလာသည် နှင့်အမျှ သီးနှံပင်သည် ခံနိုင်ရည် ပိုမိုနည်းပါးလာကာ ရောဂါဖြစ်ပွားမှု ပိုမိုတိုးတက်လာသည်။ မျိုးရောစိုက်ပျိုးခြင်းသည် သီးနှံများ ရောဂါဖြစ်ပွား မှုလျှော့ချရန် ကောင်းမွန်သော နည်းဗျူဟာတစ်ခု ဖြစ်သည်။
မြေဆီလွှာ၏ ကွဲပြားခြားနားမှု
မြေဆီလွှာ၏ ကွဲပြားခြားနားမှုသည်လည်း အရေးကြီးသည်။ ယင်းတွင် အဏုဇီဝသက်ရှိများ၊ အခြားသက်ရှိများ (ပရိုတိုဇွား၊ နီမတုတ်များ၊ တီကောင်၊ ခြအစရှိသည်) နှင့် အပင်၏ အမြစ်များ ပါဝင်ကာ ဂေဟစနစ်ထဲတွင် ယင်းတို့အချင်းချင်း၊ အပင်နှင့် တိရစ္ဆာန်များ အချင်းချင်းဖြင့် တုံ့ပြန် ဆောင်ရွက်နေသည်။ မြေကြီးရှိ ဇီဝသက်ရှိများသည် မြေဆီလွှာ၏ ကြံ့ခိုင်မှု၊ ပိုးရောဂါနှိမ်နင်းမှု၊ ပုပ်ဆွေးခြင်း၊ ပြန်လည်အသုံးပြုခြင်း စသည့် ဂေဟစနစ်၏ လုပ်ငန်းများကို ထိန်းညှိ၍ ဆောင်ရွက်ပေးသည်။ တီကောင်များသည် ရေစိမ့်ဝင်မှုကို ထိန်းညှိပေးခြင်းနှင့် အပင်အမြစ်ကို သန်မာထွား ကြိုင်းစေခြင်းတို့ဖြင့် မြေကြီး၏ တည်ဆောက်မှု ပုံစံကို ကောင်းမွန်စေသည်။ အင်းဆက်ပိုးများ၊ ပင့်ကူ၊ ပုစွန်စသည့် Arthropods များသည် အလုံးငယ်လေးများအဖြစ်လုပ်ဆောင်ကာ မြေကြီး၏ တည်ဆောက်မှုကို တိုးတက်စေသည်။ ယင်းသည် မိုက်ခရုပ်များ၏ လှုပ်ရှားမှုနှင့် ကျန်းမာသော မြေကြီးဖြစ်စေရန်အတွက် ထောက်ကူပေးသည်။ ထိုအချိန်အတောအတွင်း မှိုများသည် ကာဗွန်ကွန်ပေါင်းများကို ပုပ်သိုးစေခြင်း၊ အော်ဂဲ နစ်ပစ္စည်းများ စုပုံလာမှုကို တိုးတက်စေခြင်း၊ မှို၏ biomass တွင် အာဟာရများကို ထိန်းထားခြင်း၊ မြေဆီလွှာ၏ အစိတ်အပိုင်းများကို တုပ်နှောင်ထားခြင်း၊ အပင်ကြီးထွားသန်မာမှုကို တိုးတက်စေခြင်း၊ ရောဂါပိုးများကို တိုက်ခိုက်ခြင်းနှင့် ညစ်ညမ်းစေသော အချို့သောပစ္စည်းများကို ပျက်စီးစေခြင်းတို့ ဖြစ်ပေါ်စေသည်။
ဗက်တီးရီးယားသည်လည်း အော်ဂဲနစ်ပစ္စည်းများ ပုပ်သိုးစေခြင်း၊ မြေကြီးဖွဲ့စည်းမှု တိုးတက်စေခြင်း၊ ရောဂါဖြစ်ပွား သော သက်ရှိများကို တိုက်ခိုက်ခြင်း၊ ညစ်ညမ်းစေသော ပစ္စည်းများကို လျော့ပါးစေခြင်းတို့ကို လုပ်ဆောင်သည်။ မြေဆီလွှာ၏ ဇီဝမျိုးစုံမျိုးကွဲခြင်းကို မြှင့်တင်ရန် စီမံခန့်ခွဲမှုနည်းဗျူဟာများတွင် မထွန်မယက်စိုက်ပျိုးခြင်း၊ သီးနှံသီးလှည့် စိုက်ပျိုးခြင်း၊ အနည်းဆုံးထွန်ယက်စိုက်ပျိုးခြင်း၊ ဖုံးအုပ်ခြင်း၊ အပင်အြွကင်းအကျန်များကို မြေကြီးထဲသို့ သစ်စိမ်းမြေဩဇာအဖြစ် ပြန်လည်ထည့်ပေးခြင်း၊ သစ်ရွက်ဆွေးမြေဩဇာကဲ့သို့ အော်ဂဲနစ်ပစ္စည်းများ အသုံးပြုခြင်း၊ အပင်မျိုးကွဲပြားခြား နားခြင်းကို မြှင့်တင်ခြင်းနှင့် မြေကြီးထဲရှိ သက်ရှိ များ၏ နေထိုင်ရာဝန်းကျင်ကို ကာကွယ်ပေးခြင်းတို့ ပါဝင်သည်။
အော်ဂဲနစ်တောင်သူများသည် တိရစ္ဆာန် အညစ်အကြေးများ၊ သစ်ရွက်ဆွေးများ၊ သစ်ပင်၏ အရွက်များ၊ ဖုံးအုပ်သည့်သီးနှံများ၊ သီးလှည့် စိုက်ပျိုးခြင်းဖြင့် ကြွင်းကျန်ခဲ့သည့် အပင်အစိတ်အပိုင်းများ စသည်များကို အခြေခံပုံမှန်လုပ်ရပ် တစ်ခုအဖြစ် မြေဆီအဆင့်အတန်း မြင့်တက်စေရန် အဓိကမဟာဗျူဟာတစ်ခုအဖြစ် အသုံးပြုလျက် organicmatter အမြောက်အမြားကို ထည့်သွင်း ကြသည်။ Soil Organic Matter(SOM) သည် မြေကြီး၏ ရေထိန်းနိုင်မှု၊ သီးနှံများ၏ ခြောက်သွေ့ဒဏ် ခံနိုင်ရည်ရှိမှုတို့ကို တိုးတက်လာစေသည်။ ထို့အပြင် ရေစိမ့်ဝင်ခြင်း၊ မျောပါခြင်းကို လျော့နည်းစေခြင်းနှင့် အလွန်သည်းထန်သော မိုးရွာသွန်းမှုတွင် ရေနှင့်အတူ မြေဆီလွှာအစိတ်အပိုင်းများ(soil particles) ရွှေ့ပြောင်းခြင်းကို တားဆီးပေးနိုင်သည်။ SOM သည် မိုးရွာသွန်းခြင်းနှင့် လေပြင်းမုန်တိုင်းတိုက်ခတ်စဉ်အတွင်း soil par-licles များကို တင်းကျပ်စွာချုပ်ကိုင်ထားနိုင် သဖြင့် မြေမျက်နှာပြင်စုစည်းခြင်းကို တိုးတက်စေ သည်။ စုစည်းသောမြေ၏ တည်ငြိမ်မှုသည် လေ သို့မဟုတ် ရေအားဖြင့် ရွေ့လျားမှုကို ခံနိုင်ရည်ရှိစေသည်။ SOM ဖြင့် ပြည့်ဝနေသော မြေသည် symbiotic mycorrhizal fungi အစဉ်အမြဲ ပါဝင်သည်။ ဥပမာ- arbuscular mycorrhizal (AM) အပင်၏ ကြီးထွားမှုနှင့် မြေကြီး၏ ထုတ်လုပ်စွမ်းအားတို့ကို လွှမ်းမိုးသည့် အဓိက symbiotic fungi တစ်မျိုးဖြစ်သည်။ AM fungi သည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးတွင် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် အပင်နှင့်ရေ၏ ဆက်နွှယ်မှုများကို တိုးတက်စေပြီး လက်ခံအပင်များ၏ ခြောက်သွေ့မှု ဒဏ်ခံနိုင်ရည်ရှိမှုကို တိုးတက်စေသည်။
ဂေဟဆိုင်ရာ ပိုးမွှားကာကွယ်နှိမ်နင်းခြင်း
Agroecology သည် သဘာဝတွင် တားဆီးကာကွယ်ရေးဖြစ်ပြီး ကုသ၍ရနိုင်သော နည်းလမ်း မဟုတ်ပေ။ ဂေဟဆိုင်ရာ ပိုးမွှားကာကွယ်နှိမ်နင်း ခြင်းသည် စနစ်များကို ဖန်တီးခြင်းဖြင့် ပိုးမွှားတို့၏ ကျူးကျော်ခြင်းကို တားဆီးခြင်းဖြစ်သည်။ ပေါင်းပင်များသည် အကျိုးပြုအင်းဆက်များ လိုအပ်သော ဝတ်မှုန်နှင့် ဝတ်ရည်ရှိသည့် ပန်းပွင့် များကို အထောက်အပံ့ပြုနိုင်သည်။ သို့သော် ပေါင်းကျရောက်မှုကို ရှောင်ကြဉ်ရန် တောင်သူများ သည် ယင်းပေါင်းပင်များ အစေ့မတည်မီ ရှင်းထုတ်ရန် လိုအပ်သည်။ အခြားနည်းလမ်းတစ်ခုမှာ သဘာဝသားရဲကောင်များကို ဆွဲဆောင်ရန် ပန်းပွင့်သော အပင်များကို စိုက်ပျိုးရန်ဖြစ်သည်။ ယင်းသည် ပိုးမွှားများ၏ သဘာဝရန်သူများအတွက် ဂေဟဗေဒဆိုင်ရာ အခြေခံအဆောက်အအုံတစ်ခု ဖန်တီးခြင်းဖြစ်သည်။ ယင်းအပင်များသည် စိုက်ပျိုးရာသီတစ်လျှောက်လုံး ပန်းပွင့်သင့်ပြီး သီးနှံများ မစိုက်ခင်ကတည်းက တည်ရှိရမည်။ သို့မှသာ ပိုးမွှားအင်းဆက်များ အလွန်များပြားသောပမာဏ မရောက်မီ အကျိုးပြုအင်းဆက်တပ်ဖွဲ့တစ်ခုကို တည်ထောင်နိုင်မည်ဖြစ်သည်။ သဘာဝသားရဲ ကောင်များသည် ပိုးမွှား၏ အနိမ့်ဆုံးပမာဏတွင် အကောင်းဆုံးလုပ်ဆောင်နိုင်သောကြောင့် ကျွန်ုပ်တို့သည် ယင်းအနေအထားကို ထိန်းသိမ်းခြင်းဖြင့် ကာကွယ်နှိမ်နင်းမှု ပြုရမည်ဖြစ်သည်။
သီးနှံအပင်များအလယ် (သို့မဟုတ်) ဘေးနယ်နိမိတ်များတွင် ပန်းပွင့်သော အပင်များကို အကန့်လိုက် (သို့မဟုတ်) စင်္ကြံများအလိုက် စိုက်ပျိုးခြင်းသည် သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းမှ သွေဖည်ခြင်းဖြစ်ပြီး ယင်းပန်းပွင့်အပင်များသည် သဘာဝသားရဲကောင်များအတွက် ဝတ်မှုန်နှင့် ဝတ်ရည်ကို ထောက်ပံ့ပေးကာ ယင်းသဘာဝ သားရဲကောင်များသည် ကပ်လျက်ရှိသော သီးနှံပင်သို့ ရွေ့လျားနိုင်ပြီး ပိုးမွှားများကို ထိန်းချုပ်ပေးနိုင် သည်။ သုတေသီအမြောက်အမြားသည် ပိုးမွှားများ၏ သဘာဝသားရဲကောင်များ အမြောက် အမြားကို အကောင်းဆုံးမျိုးပွားနိုင်ခြင်း၊ မျိုးအောင်ခြင်းနှင့် သက်တမ်းရှည်ခြင်းတို့အတွက်လည်း ကောင်း၊ ဝတ်မှုန်နှင့် ဝတ်ရည်ရရှိနိုင်မှု မြှင့်တင်ရန် လည်းကောင်း၊ နည်းလမ်းတစ်ခုအဖြစ် သီးနှံများ အကြား အကန့်များတွင် ပန်းပွင့်သော အပင်များကို စမ်းသပ်လေ့လာခဲ့ကြသည်။ သီးနှံမျိုးစုံ၏ အကန့်လိုက်များတွင် ပန်းဂျုံကဲ့သို့ ပန်းပွင့်သော အပင်များကို အသုံးပြုနိုင်သည်။ ယင်းပန်းပွင့်သော အပင်များသည် Aphid ဦးရေကို လျှော့ချစေသည့် သားရဲကောင်များ အထူးသဖြင့် ယင်များနှင့် ပျစားပိုးများ ပြွေါကယ်ဝစေရန် လုပ်ဆောင်ပေး သည်။ သားရဲကောင်များနှင့် ကပ်ပါးကောင် အမြောက်အမြားသည် သစ်တောထိပ် သို့မဟုတ် စင်္ကြံမှ မီတာ ၅၀ ခန့်သာ ရွေ့လျားနိုင်၍ စင်္ကြံများသည် မီတာ ၁၀ဝ တိုင်းတွင် တည်ထောင်သင့်သည်။ ပန်းပွင့်နေသော အကန့် သို့မဟုတ် စင်္ကြံ တစ်ခုအကြား အကွာအဝေးသည် အင်းဆက်အမျိုး အစားအပေါ် မူတည်သည်။ (ဥပမာ- ပျံသန်းသော သို့မဟုတ် တွားသွားသော အင်းဆက်များ)။ ပန်းပွင့်များ၏ အရွယ်အစား၊ ပုံသ္ဌာန်နှင့် ဝတ်မှုန်၏ အခြေအနေများကို ထည့်သွင်းစဉ်းစားရန် လိုသည်။ ကွဲပြားသော အင်းဆက်များသည် ကွဲပြားခြားနားသော ပန်းပွင့်များ၏ ဆွဲဆောင်မှုကိုခံရသည်။ သဘာဝသားရဲကောင်များအတွက် ကောင်းမွန်သော ပန်းပွင့်များမှာ ပုံမှန်အားဖြင့် ပိုက်လုံးပုံစံ မဟုတ်ဘဲ သေးငယ်ပြီး ဖွင့်ထားသည့် သဏ္ဌာန်ဖြစ်သည်။ သို့မှသာ ဝတ်ရည်ကို အင်းဆက်အမျိုးမျိုး လွယ်ကူစွာ ထိတွေ ့နိုင်မည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက အကျိုးပြုအင်းဆက်များကို အစာထောက်ပံ့ရန် ထိရောက်မှု မရှိတော့ပေ။
သီးနှံစုံစိုက်ပျိုးခြင်း
သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်း (Mono-culture) များသည် မည်သည့်အတွက်ကြောင့် ပိုးမွှားများကို ဆွဲဆောင်နိုင်သနည်းဆိုလျှင် ပိုးမွှားအများစုသည် သီးနှံများကို ရှာဖွေရာတွင် စက္ခုအာရုံ သို့မဟုတ် အနံ့အာရုံဖြင့် သဲလွန်စကို အသုံးပြုသည်။ အကယ်၍ စိုက်ခင်းသည် monoculture ဖြစ်ပါက ပိုးမွှားများအတွက် အနံ့နှင့် အမြင်အားဖြင့် အပင်များကို ရှာဖွေရန် လွယ်ကူသည်။ ကော်စတာရီကာတွင် ယင်ဖြူဦးရေကြောင့် ဗိုင်းရပ်ပျံ့နှံ့မှု မြင့်မားသည့်အတွက် ခရမ်းချဉ် စိုက်ပျိုးရန်မဖြစ်နိုင်သည့် အခြေအနေတွင် တီထွင် ဆန်းသစ်လိုသော တောင်သူတစ်ဦးက ခရမ်းချဉ်ကို နံနံပင်နှင့်ယှဉ်တွဲ၍ အောင်မြင်စွာ စိုက်ပျိုးခဲ့သည်။
push-pull စနစ်ဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်း
အာဖရိကတွင် သုတေသီများသည် ပြောင်းဖူးနှင့် ဆက်နွှယ်သော အပင်များတွင် push-pull စနစ်ကို ဖွံ့ ဖြိုးအောင် လုပ်ခဲ့သည်။ ယင်းစနစ်တွင် အချို့အပင်များသည် ပိုး၏ကပ်ပါးများကို ဆွဲဆောင်ပြီး အခြားအပင်များသည် ပိုးများကို ပြောင်းပင်မှ အဝေးကို ဆွဲထုတ်ရန် ဆွဲဆောင်ခြင်းဖြစ်သည်။ Napier မြက်နှင့် Sudan မြက်များကို နယ်နိမိတ် ထောင်ချောက်အပင်များအဖြစ် အသုံးပြုသည်။ Molasses မြက်နှင့် ပဲမျိုးရင်းဝင် Silverleaf (Desmodium) ကို ပြောင်းဖူးပင်စည်ထိုးပိုးကို တွန်းလှန်ရန်အတွက် ကြားသီးနှံများအဖြစ် စိုက်ပျိုး ကြသည်။
အချို့ပေါင်းပင်များသည် ဂေဟဗေဒဆိုင်ရာ အခန်းကဏ္ဍတွင် အရေးကြီးသည်။ ယင်းပေါင်းပင် များသည် သီးနှံပင်ကို ယှဉ်ပြိုင်နိုင်သည်အထိ အလျှံပယ်မဖြစ်သင့်ပေ။ အချို့ပေါင်းပင်များသည် အင်းဆက်ထောင်ချောက်ဖြစ်ပြီး အချို့ပေါင်းပင်များသည် တွန်းထုတ်သည့် စွမ်းအင်ရှိသည်။ ပေါင်းပင်များ၏ ပန်းပွင့်များသည် အကျိုးပြု အင်းဆက်များအတွက် အခြားအလှည့်အပြောင်း အစားအစာအရင်းအမြစ်လည်း ဖြစ်သည်။
အခြားစနစ်များဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်း
သုတေသီများသည် သီးသန့်ပိုးများကို ထိန်းချုပ်ရန် သီးနှံများ၏ အတွဲအဖက်များကို သုတေသနပြု ရှာဖွေခဲ့သည်။ ဥပမာ- ကန်စွန်းဥထိုး ပိုးကို ထိန်းချုပ်ရန် ကန်စွန်းဥနှင့် ပြောင်းကို အတူတကွ စိုက်ပျိုးခြင်းဖြစ်သည်။ ပြောင်းဖူး၏ ဝတ်မှုန်သည် သားရဲကောင်များကို ဆွဲဆောင်သည်။ ပြောင်းဖူးကို ပဲရိုင်းနှင့် စိုက်ပျိုးခြင်းဖြင့် နီမတုတ်များကို ထိန်းချုပ်သည်။ ကွဲပြားခြားနားသော အပင်များ၏ အတွဲအဖက်သည် ကွဲပြားသော ပိုးများကို ထိန်းချုပ်ရန် အသုံးပြုနိုင်သည်။
တိရစ္ဆာန်များကိုလည်း ပိုးနှိမ်နင်းရာတွင် အသုံးပြုနိုင်သည်။ ဥပမာ- စပါးခင်းတွင် ငါးသည် ပေါင်းများကို စားသောက်နိုင်ပြီး စပါးပင်များကို တွန်းထိုးသည့်နည်းဖြင့် ပိုးများကို ခါချသည်။ ငါးသည် ကျလာသည့် ဖြုတ်ပိုးများကို စားသည်။ ဘဲများသည်လည်း အင်းဆက်ပိုးများစွာ၏ လောက်ကောင်များကို နှိမ်နင်းရာတွင် အသုံးပြု နိုင်သည်။
သောင်းပြောင်းထွေလာ ရောနှောနေသော ရှုခင်းသည်လည်း အရေးကြီးသည်။ ရှုခင်းများ၏ ပတ်ပတ်လည်တွင် အကယ်၍ အမျိုးမျိုးကွဲပြား ခြားနားနေပါက သဘာဝသားရဲကောင်များကို စိုက်ခင်းများသို့ ပျံ့နှံ့စေရန်တွင် အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံ စင်္ကြံများအစား ကျွန်းများကို ပြုလုပ်နိုင်သည်။ ယင်းကျွန်းများသည် ပန်းပွင့်သော အပင်များပါဝင်ပါက သဘာဝသားရဲကောင်များ၏ ကျက်စားရာနေရာများအဖြစ် အသုံးပြုနိုင်မည်။ ငှက်များအတွက် အိပ်တန်းနေရာများ သို့မဟုတ် အသိုက်အိမ်များထားပေးခြင်းသည် မဟာဗျူဟာ တစ်ရပ်ဖြစ်သည်။ ငှက်များသည် အချို့သော အင်းဆက်များ၏ ဦးရေကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိသည်။
အချုပ်အားဖြင့် သီးနှံစိုက်ခင်းဆိုင်ရာ မြေယာရှုခင်း သို့မဟုတ် စိုက်ပျိုးမွေးမြူရေးခြံတွင် မျိုးစိတ်နှင့် ဗီဇဆိုင်ရာ မတူကွဲပြားခြင်း၊ ပတ်ပတ်လည်တွင် သစ်တောအခြေခံ ဇီဝမျိုးစုံ မတူကွဲပြားခြင်း၊ အင်းဆက်မျိုးစုံ မတူကွဲပြားခြင်း၊ မြေတွင်းသက်ရှိ မျိုးစုံ မတူကွဲပြားခြင်း၊ အပင်နှင့် တိရစ္ဆာန်မျိုးစုံ မတူကွဲပြားခြင်း၊ ကျက်စားသော ဇီဝမျိုးစုံ မတူကွဲပြားခြင်းနှင့် ဆက်နွှယ်သော မတူကွဲပြားခြင်း အလေ့အကျင့်များသည် မြေဆီလွှာထက်သန်မှုကို ထိန်းသိမ်းခြင်း၊ သီးနှံထုတ်လုပ်ခြင်းနှင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်း စသည့်ဂေဟဗေဒဆိုင်ရာ ဂုဏ်သတ္တိများကို ဖြစ်ပေါ်လာစေသည်။
ဒေါက်တာမောင်မောင်တာ