ရွှေသောင်ယံ၊ ၂၆ မေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေ ကားလမ်းပိုင်းတစ်လျှောက်တို့တွင် ပင်လယ်ရေလှိုင်းများရိုက်ခတ်၍ ကျောက်တုံးများနှင့် အမှိုက်သရိုက်များ လမ်းမပေါ်သို့ ကျရောက်လျက်ရှိသည်။

ပင်လယ်ရေ ထရက်နှင့်အတူ မိုးသက်လေပြင်းအရှိန်ကြောင့် လပြည့်နေ့ဖြစ်သည့် မေ ၂၅ ရက်မှစတင်ကာ ပင်လယ်ပြင်တွင် သာမာန်ထက်ပိုသော လှိုင်းလုံးများဖြစ်ပေါ်လျက်ရှိပြီး ပင်လယ်နှင့် နီးစပ်လျက်ရှိသော ကမ်းခြေကားလမ်းပိုင်းများပေါ်သို့ ရေငန်များဝင်ရောက်ခြင်း၊ ကျောက်တုံးများကျရောက်ခြင်း၊ အမှိုက်သရိုက်များ ကျရောက်ခြင်း စသည်တို့ဖြစ်ပေါ်သည့် အတွက် လမ်းသွားလမ်းလာများအတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ပြင် ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအား ဘေးလွတ်ရာတောင်ကုန်းများပေါ်သို့ မိသားစုများအလိုက် ပြောင်းရွှေ့နေထိုင်လျက်ရှိကြသည်။

ရွှေသောင်ယံ (ပြန်/ဆက်)