ရွှေသောင်ယံ ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အခြေခံပညာ မူလတန်းကျောင်း (၅)ကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲက ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများကို ကျန်းမာရေးဆရာမများမှ လိုက်လံဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေရာတွင် ရွှေသောင်ယံမြို့ သပေါ့ကန် ကျေးလက်ကျန်းမာရေးဌာနခွဲရှိ ကျန်းမာရေးဆရာမများ၊ ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲရှိ ဆရာမများမှ ရွှေသောင်ယံမြို့ရှိ အ.မ.က(၁၁၂)၊ အ.မ.က(၇၉)၊ အ.မ.က(၁၈၃)၊ အ.မ.က(၁၃၀)၊ အ.မ.က(၁၉၀) စသည့် မူလတန်းကျောင်း (၅)ကျောင်းသို့ သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါနှင့်ပတ်သက်၍ မေးမြန်းရာ ချောင်းဆိုးခြင်းရှိ/မရှိ၊ ရက်သတ္တ (၂)ပတ်ထက် ကျော်လွန်၍ ချောင်းဆိုးခြင်းရှိ/မရှိ တီဘီရောဂါဖြစ်နေသူများ၊ တီဘီဆေးသောက်နေသူများနှင့် ဆက်စပ်မှုရှိ/မရှိ စသည်ဖြင့် တီဘီရောဂါလက္ခဏာ သံသယဖြစ်ဖွယ်တို့ကို စစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)