ရွှေသောင်ယံ  ၂၉  ဇန်နဝါရီ

 

ရွှေသောင်ယံမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးပွဲနှင့် ကွင်းဆင်းလေ့လာခြင်းများကို ယနေ့ မွန်းလွဲပိုင်းက ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ကမ်းခြေဆင်းလမ်းများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ ရွှေသောင်ယံမြို့တွင် ဖြစ်ပေါ်နေသော မြေလွတ်မြေရိုင်း ပိုင်ဆိုင်ခွင့်လျှောက်ထားသည့် ကိစ္စရပ်များ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် မော်တော်ဆိုင်ကယ်များ စည်းကမ်းတကျ မောင်းနှင်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း ကိစ္စရပ်များ၊ မီးဘေးလုံခြုံရေးနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် တာဝန်ရှိသူများက ကမ်းခြေဆင်းလမ်းများနှင့် အတွင်းလမ်းမကြီးများ ပီပြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်နေသော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကိုကိုမောင် (ရွှေသောင်ယံ)
 

mdn