ရွှေသောင်ယံ   ဒီဇင်ဘာ   ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထက(ရွှေသောင်ယံ)တွင် ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။


အဆိုပါ အားကစားပြိုင်ပွဲများကို အထက(ရွှေသောင်ယံ)ရှိ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများအပြင် အခြားကစားနည်း များစွာဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

 

ကိုကိုမောင်(ပြန်/ဆက်)