ရွှေသောင်ယံ ဇူလိုင် ၁၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့များက ဒီရေတောသစ်ပင်များဖြစ်သည့် ဗျူးခြေထောက်အဖိုသစ်ပင် ၄၄၄ ပင်၊ ဗျူးခြေထောက်အမသစ်ပင် ၄၄၄ ပင်၊ ဗျူးအုပ်ဆောင်းပင် ၁၂၊ အုန်းပင် ၅၀ စုစုပေါင်းသစ်ပင် ၉၅၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

ရွှေသောင်ယံ(ပြန်/ဆက်)