ပုသိမ် မေ ၁၈
ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ၁၃၉ဝ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံနှင့် မီးလင်းဂျိုင် - ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဆိုင်ရာအချက်အလက်များ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ MEE LIN GIANG ELECTRIC POWER COMPANY LIMITED က ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်ထံ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ကုမ္ပဏီတာဝန်ရှိသူများ၏ စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အသင်းတို့ကို ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


