ရွှေသောင်ယံ  ၂၉  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ၊Facility Quarantine စင်တာရှိ အခန်းများအား ယနေ့ မွန်းလွဲပိုင်းက ပိုးသတ် ဆေးဖျန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရွှေသောင်ယံမြို့အမှတ်(၂)ရပ်ကွက် အ.ထ.ကစာ သင်ကျောင်း၌ Facility Quarantine စင်တာအဖြစ် သတ်မှတ်ထားပြီး လက်ရှိတွင်ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်မှ ပြန်ရောက်လာသူ လင်မယားနှစ်ဦးသာ Facility Quarantine ထားရှိထားကြောင်း သိရသည်။

 

ကိုကိုမောင် (ပြန်/ဆက်)