ရွှေသောင်ယံ ၂၉ မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် Facility Quarantine သတ်မှတ်နေရာ (၆)နေရာ အား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲပိုင်းက ရွှေသောင်ယံမြို့ (COVID-19) ကာကွယ်ထိန်းသိမ်းကုသရေးကော်မတီမှ ဆောင်ရွက်ခဲ့သည်။

 

ရွှေသောင်ယံမြို့ရပ်ကွက်(၃)ခုတွင် အ.ထ.က ရွှေသောင်ယံစာသင်ကျောင်း၊ အုန်းချောင်းကျေးရွာတွင် အ.ထ.ကအုန်းချောင်းစာသင်ကျောင်း၊ သဘော့ကန်ကျေးရွာတွင် အ.ထ.ကသဘော့ကန်စာသင်ကျောင်း၊ သဲကုန်းကျေးရွာတွင် အ.မ.ကသဲကုန်းစာသင်ကျောင်း၊ ဝက်သေကျေးရွာတွင်မူကြို ကျောင်းနှင့် ကျူတောကျေးရွာတွင် အ.လ.က ကျူတောစာသင်ကျောင်းတို့တွင် Facility Quarantine နေရာများအဖြစ် အသီးသီးသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမောင်  ပြန်/ဆက်