ရွှေသောင်ယံ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများ ပြုလုပ်ရာတွင် အ.ထ.က (ရွှေသောင်ယံ)ရှိ ကျောင်းသား၊ ကျောင်းသူများ လာရောက်၍ ယှဉ်ပြိုင်ကစားကြရာ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဂုဏ်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ စသည့်ကစားနည်းများဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထိုသို့ ယှဉ်ပြိုင်ကစားကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပြိုင်ပွဲများကို ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား မုန့်များဖြင့် ကျွေးမွေးဧည့်ခံပေးခဲ့ကြောင်း သိရသည်။
ကိုကိုမောင်
ရွှေသောင်ယံ(ပြန်/ဆက်)