ရွှေသောင်ယံ ၃ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့ည ၇ နာရီခွဲ အချိန်ခန့်က တိုက်ခတ်ခဲ့သော မိုးသက်လေပြင်းကြောင့် ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်ရှိ နယ်မြေရဲစခန်း၏ အမျိုးသမီးအချုပ်ခန်းနှင့် မိသားစုနေအိမ်လိုင်းခန်းရှိ သွပ်များ အချပ်(၅၀)ခန့်နှင့် ယောက်၊ ထုပ်သစ်သားတန်းများ အချောင်း(၄၀) ခန့်ပြိုကျပျက်စီးခဲ့သည်။
ထို့အတူအမှတ်(၁)ရပ်ကွက်ရှိ ဓနိမိုး ယာယီဈေး တစ်လုံး ပြိုကျကာ လူနေအိမ်တစ်လုံး သွပ်အမိုးများ လန်ခြင်း၊ အမှတ်(၂)ရပ်ကွက်ရှိ လူနေအိမ်တစ်လုံး အုန်းပင်ပိ၍ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကိုကိုမောင် ( ပြန်/ဆက်)


