ရွှေသောင်ယံမြို့တွင်"လူငယ်နှင့်အနာဂတ်"ခေါင်း စဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပမည်

ရွှေသောင်ယံ  ၂  ဒီဇင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်တွင် ဒီဇင်ဘာလ(၄)ရက် နံနက်(၉)နာရီခွဲ အချိန်၌"လူငယ်နှင့်အနာဂတ်"ခေါင်း စဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

 

အဆိုပါ ပြည်သူ့စကားဝိုင်းကို အမှတ်(၂) ရပ်ကွက် ဘုန်းတော်ကြီးကျောင်း၊ သီရိမင်္ဂလာ ဓမ္မာရုံ၌ ကျင်းပမည် ဖြစ်ပြီး ဆွေးနွေးမည့်သူများအဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဒေါက်တာစိုးဝင်း၊ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်၊ မြို့စည်ပင်သာယာရေး ကော်မတီအမှုဆောင် အရာရှိ ဦးဝင်းအောင်သူ၊ ရွှေသောင်ယံ နယ်မြေစခန်းမှူး ရဲအုပ်ကျော်စိုးနိုင်၊ မြို့နယ်ဆရာဝန် ဒေါက်တာရဲလင်းတိုး၊ ရပ်မိရပ်ဖဦးဝင်းတင်၊လူငယ် ခေါင်းဆောင် ဦးတင်မောင်ဝင်း တို့အား ဖိတ်ကြားထား ကြောင်းသိရသည်။

 

ကိုကိုမောင် (ရွှေသောင်ယံ ပြန်/ဆက်)