ရွှေသောင်ယံ   ၁၆   ဇွန် 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ ချောင်းသာ၊ ရွှေသောင်ယံ စသည့်ကမ်းခြေမြို့များတွင် မကြာမီ ၂၄ နာရီ လျှပ်စစ်မီးရရှိမည်ဖြစ်ကြောင်း သိရသည်။

 

၂၄ နာရီ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ရာမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘတ်ဂျက် နဲ့ ချောင်းသာမြို့နဲ့ ရွှေသောင်ယံမြို့မှာ 11 KV ဓာတ်အားလိုင်း 400 V ဓာတ်အားလိုင်းများ 11/0.4 KV Transformer များ တည်ဆောက်ခြင်းလုပ်ငန်းတွေအားလုံး တည်ဆောက်ပြီးစီးနေပြီ ဖြစ်ပါတယ်။ ချောင်းသာမြို့မှာ 66/11 KV၊ 66/11KV(20)MBA၊ ဓာတ်အားခွဲရုံကိုလည်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက် ထားရှိပါတယ်။ လက်ရှိမှာတော့ ငွေဆောင်နဲ့ ချောင်းသာ 66 KV ဓာတ်အား လိုင်း ၁၂ ဒသမ ၃၆ မိုင် ဆောင်ရွက်ရာမှာ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပါပြီ။ မြေပြင်မှာ လက်ရှိ သီးနှံလျော်ကြေး၊ မြေယာလျော်ကြေးပြဿနာတွေကြောင့် လုပ်ငန်းနည်းနည်းကြန့်ကြာနေပါ တယ်။ ငွေဆောင်၊ ချောင်းသာ ရွှေသောင်ယံမြို့ရှိ မြို့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖတွေက ဖြစ်‌ပေါ်နေတဲ့အခက်အခဲများကို ဝိုင်းဝန်းပြီးစီးအောင် ဆောင်ရွက်ပေးမှုကြောင့် လုပ်ငန်းတွေပြန်လည်ဆောင်ရွက်နေပြီး (၇)လပိုင်းလောက်မှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးနိုင်မှာဖြစ်ပါတယ်” ဟု ချောင်းသာမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးကျော်က ပြောပါတယ်။

 

အဆိုပါ လျှပ်စစ်မီး ၂၄ နာရီရရှိတဲ့အခါမှာ ဒေသခံများအနေနဲ့ တစ်နိုင်တစ်ပိုင် ဝပ်လျှော့လုပ်ငန်းတွေ၊ လျှပ်စစ်နဲ့ပတ်သက်တဲ့အလုပ်အကိုင်တွေ လုပ်ကိုင်ကြဖို့မျှော်လင့်ထားကြောင်း၊ လုပ်ငန်းရှင်တွေက လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်နေကြကြောင်း သိရသည်။

 

ကိုကိုမောင်(ပြန်/ဆက်)