ရန်ကုန် ၁ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ဇန်နဝါရီ ၄ ရက်(စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို အလေးအမြတ်ထား ဂုဏ်ပြုမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “လွတ်လပ်ရေး၏အဓိပ္ပာယ်” မျက်နှာဖုံးကာတွန်း၊ နံစော်ဖျံ၏ မိမိကိုယ်မိမိအန္တရာယ်မှ ခုခံကာကွယ်နိုင်ပုံအကြောင်းကို ရေးသား တင်ဆက်ထားသည့် “နံစော်ဖျံ၏ လက်နက်” သုတဆောင်းပါး၊ ခန္ဓာကိုယ်ကျန်းမာရေး ကောင်းမွန်ရန်အတွက် သန့်ရှင်းသောအစာကို သန့်ရှင်းသော လက်တို့ဖြင့် စားသုံးသင့်ကြောင်း ရေးဖွဲ့ထားသည့် နှစ်မျက်နှာကာတွန်းနှင့် ယုန်ကလေး၏ အကြံပိုင်နိုင်မှုကြောင့် မြင်းငယ်ကလေးသည် အသက်ဘေးမှ လွတ်မြောက်သွားပုံအကြောင်း ရေးဖွဲ့ထားသည့် ကလေးပုံပြင်အပါအဝင် ရွှေသွေးအင်္ဂလိပ်သဒ္ဒါ၊ ပဟေဠိကဏ္ဍ၊ ကဗျာ စသည့် ဖတ်စရာ၊ မှတ်စရာများပါရှိကြောင်း သိရသည်။
သတင်းစဉ်