ဖြူး ဇွန် ၁၃
ဖြူးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ အုတ်တွင်းမြို့နယ်၊ ရေသိုးဆည်တွင် ငမြစ်ချင်းငါးမျိုး ၃၅၀၀၀၀ ကျော်ကို ယနေ့ နံနက်ပိုင်းက စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်အေး၊ ရေသိုးဆည် စီမံကိန်းမှ ဦးစီးအရာရှိ ဦးအောင်မြချို၊ ဒုတိယဦးစီးမှူး ဦးကျော်တိုး၊ အုတ်တွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်း၊ အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူး တင်ကိုကို၊ ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဒေါ်မင်းမင်းစိုးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို သဘာဝငါးသယံဇာတ ပိုမိုတိုးပွားစေရန် ရည်ရွယ်စိုက်ထည့်ခြင်းဖြစ်ကြောင်း သိရသည်။
မနွယ်(ဖြူး)


