မန္တလေး အောက်တိုဘာ ၃၁
ယခုရာသီတွင် မတ္တရာ၊ စဉ့်ကူး၊ မြောင်၊ မုံရွာ၊ ရေစကြို ဒေသများမှရေသွင်းစိုက်ပျိုးထားသည့် သီးထပ်မတ်ပဲများ မန္တလေးဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းမှာလည်း ယမန်နှစ်ကာလတူ ပေါက်ဈေးထက် ပိုမိုရရှိနေကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။
ငွေကျပ် ၁၃၀၀၀၀ နှုန်းထိရရှိ အဆိုပါ မတ်ပဲများကို ဇွန်၊ ဇူလိုင်လများတွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေကို အသုံးပြု၍ လည်းကောင်း၊ တချို့ဒေသများတွင် မြေအောက်ရေကို စုပ်ယူ၍လည်းကောင်း ရေသွင်းစိုက်ပျိုးထားရှိပြီး စက်တင်ဘာလကုန်ပိုင်းတွင် စတင်ထွက်ရှိကာ ယခု အောက်တိုဘာလကုန်ပိုင်းတွင် ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာခြင်းဖြစ်ပြီး ဈေးနှုန်းမှာလည်း ယမန်နှစ် ကာလတူရာသီချိန်တွင် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၈၅၀၀၀ နှုန်းသာရရှိခဲ့သော်လည်း ယခုနှစ်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ နှုန်းထိ ရရှိနေကြောင်း သိရသည်။
“ယခုရက်ပိုင်းမှာတော့ အညာဒေသမှာ မြစ်ရေကိုအားပြုပြီး သီးထပ်စိုက်ပျိုးထားတဲ့မတ်ပဲသီးနှံတွေ မန္တလေးဈေးကွက်ကို ဝင်ရောက်နေပါတယ်။ ဒီမတ်ပဲ ကို ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ တစ်နှစ်ကို တစ်ရာသီသာ စိုက်ပျိုးကြပေမယ့် အညာ ဒေသမှာတော့ သီးထပ်အဖြစ် စိုက်ပျိုးလာခဲ့ကြတာ ဆယ်စုနှစ်တစ်စု လောက်ရှိပါပြီ။ အောင်မြင်မှုရလဒ်တွေကြောင့် တိုးချဲ့စိုက်ပျိုးလာကြတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းလည်း တိုးတက်လာခဲ့တယ်။ ဒီနှစ်မှာတော့ အထွက်နှုန်းလည်းကောင်းသလို ဈေးနှုန်းအနေနဲ့လည်း ယခင်နှစ်ကာလ တူထက် ပိုမိုရရှိနေတယ်။ ဒီနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားကြောင့် မတ်ပဲလက်ကျန်နည်းပြီး ဈေးကွက်မှာ ပစ္စည်းပြတ်လပ်မယ်လို့ ခန့်မှန်းကြပေမယ့် ယခုထွက်ပေါ်လာတဲ့ရေသွင်းမတ်ပဲကြောင့် စိုက်ပျိုးဖို့အတွက် ပူစရာမလိုတော့ပါဘူး”ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ) က တိုးချဲ့စိုက်ပျိုးသင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ပြည်ပပို့ကုန် ပဲအမျိုးအစားများအနက် မတ်ပဲသည် ပြည်ပဝင်ငွေ အကောင်းဆုံးရရှိသော ပို့ကုန်သီးနှံအဖြစ် ရပ်တည်လျက်ရှိခြင်းကြောင့် မြစ်ရေလွယ်ကူစွာရရှိနိုင်သော ဒေသများတွင် သီးထပ်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုး | သင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။
ထို့ပြင်အညာဒေသများတွင် ဆောင်းသီးနှံအဖြစ် ပုံမှန်စိုက်ပျိုးထားရှိသည့် မတ်ပဲများမှာလည်း အပင်ပေါက် ကောင်းမွန်သဖြင့် ဇန်နဝါရီလဆန်းတွင် စတင်ရိတ်သိမ်းကာ ဈေးကွက်သို့ ဝင်ရောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


