နေပြည်တော်၊ ဇန်နဝါရီ ၂၆

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ကျောက်တန်းမြို့နယ်၊ သီတာမြိုင်ရပ်ကွက်ရှိ နေကြာပန်း ဂဏန်းပျော့မွေးမြူရေး ကုမ္ပဏီလီမီတက်၏ ဂဏန်းပျော့မွေးမြူရေးကန် ၂၅ ကန်၌ တစ်နှစ်လျှင် ဂဏန်းပျော့တန်ချိန် ၂၀၀ ခန့်ထုတ်လုပ်၍ ပြည်တွင်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များသို့ တင်ပို့ဖြန့်ဖြူး ရောင်းချနေမှုနှင့် စွန့်ပစ်ပစ္စည်းများဖြစ်သည့် အရေလဲထားသော ဂဏန်းအရေခွံ၊ ဂဏန်းအသေ တို့မှ ဂဏန်းအမိုင်နို ဩဂဲနစ်သဘာဝမြေဩဇာများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုနှင့် ထုတ်လုပ်မှု အရည်အသွေး မြှင့်တင်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် သံလျင်မြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးခင်မောင်ငယ် မွေးမြူထားသည့် နို့စားနွားအကောင် (၆၀) မွေးမြူထားရှိမှု၊ ညောင်သုံး ပင်ကျေးရွာ၊ မွေးမြူရေးတောင်သူ ဦးမျိုးနိုင်မွေးမြူထားသည့် အသားတိုးကြက်ကောင်‌ရေ (၃၀၀၀၀) မွေးမြူထားရှိမှုနှင့် နို့စားနွား (၂၂) ကောင် မွေးမြူထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ၊ မွေးမြူရေး ထွက်ကုန်များ ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေး ဆိုင်ရာများကို အလေးထားဆောင်ရွက်ကြရန် နှင့် အသားတိုးကြက်များ ကာကွယ်ဆေးထိုးခြင်း၊ ကူးစက်ရောဂါများအတွက် ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ်ချက်များကို သက်ဆိုင်ရာ မွေးမြူရေး တောင်သူများအား ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်