ရေတာရှည် ဇူလိုင် ၂

 

ပဲခူးတိုင်း​ဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပညာပေး နှိုး​ဆော်ခြင်းအား ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက မြို့အတွင်း လှည့်လည်အသိပညာ​ပေး နှိုးဆော်ဆောင်ရွက်ခဲ့သည်။

 

အသိပညာ​ပေးနှိုး​ဆော်ရာတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှု ဖြစ်နေသဖြင့်  ကူးစက်ဖြစ်ပွားနေမှုကို လျော့နည်းစေရန်၊ ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးသည့်အတွက် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ပြီး အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ရန်။ ဧည့်သည်များ လက်မခံပါရန်နှင့် အခြားသူများထံ သွားရောက်ခြင်း မပြုကြရန် မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်။ အခြားသူများနှင့် ခပ်ခွာခွာနေထိုင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန် လက်ကို မကြာခဏဆေးကြောရန်  မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ဆောင်ရန် အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြရန်၊ အကယ်၍ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန် စသည်ဖြင့် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

 

အေးဆု(ပြန်/ဆက်)