ရေတာရှည် သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရပြီး ဆေးကုသမှု ခံယူခဲ့ရသူ စုစုပေါင်း ၁၇၄ ဦးအား ဩဂုတ် ၆ ရက် နံနက်ပိုင်းက ဆန်ရိက္ခာ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ တစ်ဦးလျှင် ဆန် ၁၃ ပြည်နှုန်းဖြင့် ၁၇၄ ဦးအား တက်နေဝန်းဆန်စက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အေးဆု