တံတားဦး ၂ ဩဂုတ်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ငါးဇင်ရိုင်းကျေးရွာတွင် ရွှေတောင်(၁၀)မျိုး ဝါအထူးဇုန် ဧက(၅၀) စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ရွှေတောင်(၁၀)မျိုး ဝါအထူးဇုန်ဧက(၅၀)ကို ငါးဇင်ရိုင်းကျေးရွာ ကွင်းအမှတ် (၁၃၄၇)ကွင်းတွင် တောင်သူပေါင်း ၂၁ ဦးဖြင့် စိုက်ပျိုးထားကြောင်း၊ အဆိုပါ ဝါမျိုးမစိုက်ပျိုးမီ မြေကိုထယ်ရေးညက်အောင် ပြုပြင်ရပြီး ကွန်ပေါင်းမြေဩဇာကို မြေခံအဖြစ် အသုံးပြုစိုက်ပျိုးရကြောင်း၊ ရွှေတောင်(၁၀)မျိုး ဝါကိုစိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် (၃) ပိဿာ နှစ်ပေခွဲပတ်လည်တွင် ဝါမျိုးစိုက်ပျိုးပြီး ရက်သတ္တပတ် (၃)ပတ်ကြာ သားခွဲချိန်တွင် တစ်ကျင်းကို (၂)ပင်ကျန် စနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပြီး (၃)လကြာလျှင် ဝါဂွမ်းစတင်ကောက်ယူနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်ထံမှ သိရသည်။

 

ရွှေတောင်(၁၀)မျိုး ဝါသည် အထွက်နှုန်းကောင်းမွန်ပြီး တစ်ဧကလျှင် ဝါပိဿာချိန် ၁၀၀၀ ကျော် ထွက်ရှိကာ ဝါတစ်ပိဿာကို ငွေကျပ် ၁၀၀၀ မှ ၁၄၀၀ ထိ ရောင်းချရသည့်အတွက် စိုက်ပျိုးသင့်ကြောင်း၊  တောင်သူများအနေဖြင့် စိုက်ပျိုးကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များသည့်အတွက် တောင်သူများ စိုက်ပျိုးသင့်ကြောင်း တောင်သူဦးမြင့်လွင်ထံမှ သိရသည်။

 

ရဲတင့် (တံတားဦး ပြန်/ဆက်)

 

mdn