ရွှေတောင် နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား ကျောင်းသူ လူငယ်လေးများနှင့် စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ Online မှတစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုံပြင်ပြောခြင်း၊ ကဗျာရွက်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စက္ကူခေါက်အစီအစဉ်များ စာဖတ်ဝိုင်း ပြုလုပ်ခြင်း အစီအစဉ်များအပြင် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြည်သူများအားအသိပညာပေး Talk Show အစီအစဉ်များဖြင့် ထုတ်လွှင့်ပေးလျက်ရှိရာ We Love Shwe Taung နှင့် ရွှေတောင် ပြည်သူ့စာကြည့်တိုက် Face book page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန် /ဆက်)


