ရွှေတောင်    မတ်    ၄

 

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအထွေထွေ ပိုလျှံငွေဖြင့် ကျေးလက်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေးသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန အင်ဂျင်နီယာချုပ်ဦးထွန်းဝေ (ပဲခူးတိုင်းတာဝန်ခံ)၊ ပြည်ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဦးဝဏ္ဏ၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ၊  လုပ်ငန်းအရည်အသွေး ထိန်းသိမ်းရေးအဖွဲ့တို့နှင့်အတူ ရွှေတောင်မြို့နယ်အတွင်းရှိ ရွှေနတ် တောင်-ကျီးသဲလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ပေ ၆၀ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ခြင်းလုပ်ငန်းကို အရည်အသွေးပြည့်မီအောင် စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

သုတ