ပြည် ဖေဖော်ဝါရီ ၂၀

 

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ကျီးသဲကျေးရွာအုပ်စုတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော ဖရဲသီးကို ခြောက်ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ဖရဲသီးကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး သုံးလခန့်အကြာ ဇန်နဝါရီလမှ စတင်၍ ဖရဲသီးများ ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ဖရဲ- ၆၁၁ မျိုးများကို သဲနုန်းမြေများတွင် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ရောင်းတန်းဝင် ဖရဲသီးအလုံးရေ ၁၅၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဖရဲစိုက်ခင်းများကို ပွဲစားများထံသို့ အခင်းပြတ်ရောင်းချကြပြီး ပွဲစားများက ရန်ကုန်-ပြည် ကားလမ်းဘေးတွင် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချကြသည့်အပြင် ပြည်မြို့၊ ရွှေတောင်မြို့၊ ဝက်ထီးကန်မြို့နှင့် မှော်ဇာမြို့များသို့လည်း တင်ပို့ရောင်းချကြကြောင်း သိရသည်။

 

သတင်းရင်းမြစ် - စီးပွား/ကူးသန်း