ရွှေတောင် ဒီဇင်ဘာ ၂၇

 

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်၌ ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်အတွက် ဆီထွက်သီးနှံအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၂၁၈၂၂ ဧက လျာထားစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ရွှေတောင်မြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစိုက်ပျိုးရန် ၂၁၈၂၂ ဧက လျာထားစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

 

“ဆီထွက်သီးနှံစိုက်ပျိုးတောင်သူတွေကို ဒေသနဲ့ကိုက်ညီပြီး အထွက်နှုန်းကောင်းမျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ကွင်းသရုပ်ပြပွဲတွေနဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းတွေ ဖွင့်လှစ်ပေးလျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးအောင်ကပြောသည်။

 

ရွှေတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၁၅၈၉၃ ဧက၊ နှမ်း ၅၁၉၄ ဧက၊ နေကြာ ၇၃၅ ဧက စုစုပေါင်း ၂၁၈၂၂ ဧက လျာထားစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကိုကိုမင်း (ပြန်/ဆက်)