ရွှေတောင် ဇွန် ၁၇

 

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် အထက(ရွှေတောင်)တွင် ဇွန် ၁၇ ရက် နံနက်ပိုင်းက အမှိုက်များစနစ်တကျစွန့်ပစ်ကြရန် အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်သတ်မှတ်၍ ခွဲခြား စွန့်ပစ်ခြင်း သရုပ်ပြလေ့ကျင့်သည်။

ဦးစွာ ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသီရိက အမှိုက်စိုများ ဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်း ရောင်အမှိုက်ပုံး၊ အမှိုက်ခြောက်များဖြစ်သော ခြောက်သွေ့သောစက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်း များအတွက် အဝါရောင်အမှိုက်ပုံး၊ ပလတ်စတစ် အမှိုက်များဖြစ်သော ဘေးအန္တရာယ်မရှိသော ပလတ်စတစ်သုံးပစ္စည်းများကို အပြာရောင် အမှိုက်ပုံး၊ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများ၊ အင်းဆက် ဖျန်းဆေး ရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများ အစရှိသည့်ဘေးအန္တရာယ် ရှိအမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင် စွန့်ပစ်ရန် အသိပညာ ပေးပြောကြားခဲ့ကြောင်း သိရသည်။

 

ကိုကိုမင်း(ပြန်/ဆက်)