ရွှေတောင် ၂၈ ဇူလိုင်
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သော အိမ်ထောင်စု (၂၅)စုတို့အား ယမန်နေ့ နံနက်ပိုင်းက ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်အဖွဲ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၂၅)စုတွင် အမျိုးသား (၄၄)ဦး၊ အမျိုးသမီး (၄၇)ဦး စုစုပေါင်း (၉၁)ဦးတို့ကို တစ်ဦးလျှင်ငွေကျပ် (၂၁၀၀)နှုန်းဖြင့် (၉၁)ဦးစာ ငွေကျပ် (၁၉၁၁၀၀)ကို ရေဘေးသင့်ပြည်သူများကိုယ်စား ယွန်းတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)


