ရွှေတောင် မေ ၃
ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရွှေတောင်မြို့နယ် ကျေးရွာအုပ်စုများရှိ လေပြင်း တိုက်ခတ်၍ လူနေအိမ်အမိုးလန်ခြင်းနှင့် ပြိုလဲနေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မေ ၂ ရက် မွန်းလွဲပိုင်းက လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် မေ ၂ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ဘုန်းတော် ကြီးကျောင်း နှစ်ကျောင်းအတွက် ထောက်ပံငွေ ၁၃၀၀၀၀ ကျပ်၊ အမိုးလန်လူနေအိမ် ၆၉ အိမ်အတွက် ထောက်ပံ့ငွေ ၂၃၈၁၃၀၀ နှင့် ပြိုကျလူနေအိမ် ၂ အိမ်အတွက် ထောက်ပံ့ငွေ ၂၁၀၅၀၀ နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးပါ (၂)ပုံး စုစုပေါင်း ထောက်ပံ့ငွေ ၂၇၂၁၈၀၀ ကျပ်တို့အား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)