နေပြည်တော်၊ စက်တင်ဘာ ၂၄
အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက်ရှိရာ “ရွှေတောင်ပံအငြိမ့်” ဖျော်ဖြေပွဲကို စက်တင်ဘာ (၂၅)ရက်၊ စနေနေ့ ည(၈) နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို လုံမေပျိုမှစီစဉ်ပြီး စံမတူနိုင်မင်းစိုး(ဆိုင်း)၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင် မင်းသမီး ဝေဖူးနွယ်၊ ရှေ့ထွက်မင်းသမီး ငုဝါပွင့်၊ လူရွှင်တော်များဖြစ်ကြသည့် ဓာတ်လင်း၊ ဉသြ၊ မိုးဖြူနှင့် ရန်နိုင်တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
(သတင်းစဉ်)